ဝမ်းတွင်းမြို့နယ်တွင် ယက္ကန်းရုံပိုင်ရှင် အပါအဝင် အမျိုးသမီး ၄ ဦး အသတ်ခံရ

ဇန်နဝါရီ ၁၂

မန္တလေးတိုင်ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့၊ အမှတ်(၃)ဗဟိုရပ်ကွက်တွင် ယက္ကန်းရုံပိုင်ရှင် အပါအဝင် အမျိုးသမီး ၄ ဦးကို ဇန်နဝါရီ ၁၀ ရက်နေ့ ညပိုင်းက တူ​​ဖြင့်ထုသတ်ပြီး ရွှေ၊ ငွေပစ္စည်းတွေ ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ လူသတ်တရားခံက အဲဒီယက္ကန်းရုံက အလုပ်သမားတစ်ဦးဖြစ်တယ်လို့ သိရပြီး ၎င်းဟာ ယက္ကန်းရုံပိုင်ရှင်ဖြစ်တဲ့ ဒေါ်မြမြသွေး၊ သမီး​ဖြစ်သူအသက် ၃၈ နှစ်အရွယ် မဇင်ဇင်အေး၊အသက် ၇၈ နှစ်အရွယ် ဒေါ်ကြည်နှင့် အသက် ၅၃ နှစ် အရွယ် ဒေါ်စန္ဒာတို့ဖြစ်ပြီး လူသတ်တရားခံမှာ အဆိုပါယက္ကန်းရုံမှ အလုပ်သမားတစ်ဦးဖြစ်ကြောင်း၊ ယက္ကန်းစင်ထုသည့် တူ​ဖြင့်ထုသတ်ကာ ရွှေ၊ ငွေနဲ့၊ အခြားပစ္စည်းတွေကို ယူဆောင်သွားခဲ့ကြောင်း၊ အမျိုးသမီး၄ဦးအား ရက်ရက်စက်စက် သတ်ဖြတ်သွားသည့် အမျိုးသားအား ဖမ်းမိထားကြောင်း သိရသည်။

သေဆုံးသွားသည့်အမျိုးသမီး ၄ ဦးအား ယနေ့ မွန်းလွဲ (၂) နာရီအချိန်တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

PAN