မော်လမြိုင်မြို့ဘက်မှ မုဒုံမြို့ဘက်သို့ မောင်းနှင်လာသော တက္ကသိုလ်ကျောင်းကြို/ပို့ ယာဉ်အရှိန်လွန်တိမ်းမှောက်၍ ကျောင်းသား/သူများ ထိခိုက်ဒဏ်ရာများရရှိ

ဇန် နဝါရီ ၁၂

ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဘက်မှ မုဒုံမြို့ဘက်သို့ မောင်းနှင်လာသော ယာဉ် ၁ စီးတိမ်းမှောက်မှုဖြစ်၍ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရှိရပါသည်။

အဆိုပါ ယာဉ်တိမ်းမှာက်မှုဖြစ်စဉ်မှာ မော်လမြိုင်တက္ကသိုလ်မှ တက္ကသိုလ်ကျောင်းသား/သူ ၁၃ ဦးကို တင်ဆောင်၍ ယာဉ်မောင်း ဦးထွန်းထွန်းညွန့်၊ ၆၁ နှစ်၊ (ဘ) ဦးလှဘို၊ ဗိုလ်ဗထူးလမ်း၊ ပိန္နဲတိုက်ရပ်၊ မြို့မ ၃ ရပ်ကွက်၊ မုဒုံမြို့နေသူ မောင်းနှင်းလာသည့် Nissan vanette အမျိုးအစား အဖြူရောင်ယာဥ်အမှတ် Mon3F/7643 တက္ကသိုလ်ကျောင်းကြို/ပို့ ယာဉ်သည် မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၅/၀ နှင့် ၁၅/၁ အကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကျော်ပေါ်သို့ ရောက်ရှိ၍ ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကျောင်းသား/သူများ ထိခိုက်ဒဏ်ရာရရှိခဲ့၍ မုဒုံပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာတင်ယာဥ်ကားနှင့် ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာများသော ကျောင်းသား/သူများကို မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလျှက်ရှိကြောင်း ဒေသခံ၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

PAN