ဘိုင်ယန်မြူးနစ်က စပါးကစားသမား ဒိုင်ယာကို ခေါ်ယူ

ဇန်နဝါရီ ၁၂

ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးအသင်းမှ အင်္ဂလန်ကစားသမား ဒိုင်ယာကို ခေါ်ယူခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

စပါးအသင်း၏ ထုတ်ပြန်ချက်တွင် ရာသီကုန်အထိ အငှားနှင့် အပြီးသတ်ခေါ်ယူခွင့်အချက် ပါဝင်ကြောင်း ဖော်ပြခဲ့ပြီး ဘိုင်ယန်ကမူ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုကာ တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည်ဟု ရေးသားထားခဲ့ပါတယ်။

အသက် ၂၉ နှစ်ရှိ အင်္ဂလန်နောက်ခံလူဟာ အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီးနောက် အသင်းဖော်ဟောင်း ဟယ်ရီကိန်းရှိရာ ဘိုင်ယန်မြူနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒိုင်ယာဟာ ၂၀၁၄ ခုနှစ်က ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနဲ့ အတူ စုစုပေါင်း ၃၆၅ ပွဲမှာ ၁၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။