နည်းပြအဖြစ် မြက်ခင်းစိမ်းဆီ ပြန်လာမယ်ဆိုတဲ့ ပီကေး

ဇန်နဝါရီ ၁၂

မန်ယူနှင့် ဘာစီလိုနာနောက်ခံကစားသမားဟောင်း ပီကေးဟာ ကစားသမားဘဝမှ အနားယူပြီး (၁၄)လအကြာတွင် ဘောလုံးလောကသို့ နည်းပြအဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့ပါတယ်။

ပီကေးက ကလပ်ကစားသမားဘဝတွင် မန်ယူနှင့် ဘာစီလိုနာအသင်းတို့တွင်သာ ကစားခဲ့ပြီး မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား (၄)လုံး၊ ဘာစီလိုနာအသင်းနှင့်အတူ ဆုဖလား (၃၀)အထိ ရရှိခဲ့ပါတယ်။

ထို့အပြင် စပိန်အသင်းအတွက် ပွဲပေါင်း (၁၀၂)ပွဲကစားခဲ့ပြီး ကမ္ဘာ့ဖလားနှင့် ယူရိုဖလားတို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ ဘာစီလိုနာ လူငယ်အသင်းတစ်သင်းကို စတင်တာဝန်ယူဖို့ရှိတယ်လို ခန့်မှန်း သုံးသပ်နေကြောင်း သိရပါတယ်။