ညောင်ပင်ရွာအဝင်ရှိ တပ်စခန်းကို KIA/KPDF အဖွဲ့တို့မှ ဒရုန်းဗုံးသီးများ ပစ်ချတိုက်ခိုက်၍ အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာမှ ဒေသခံအချို့နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေမှုများဖြစ်ပေါ်

ဇန်ဝါရီ ၁၂

ယမန်နေ့ သန်း‌ခေါင်ယံအချိန်က ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ ညောင်ပင်ရွာအဝင်ရှိ တပ်စခန်းကို KIA/ KPDF အဖွဲ့တို့မှ ဒရုန်းဗုံးသီးများ ပစ်ချတိုက်ခိုက်ခဲ့ကြကြောင်း သိရှိရပါသည်။

ထိုသို့ ဖြစ်ပေါ်နေမှုကြာင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ဖားကန့် – အင်းတော်ကြီးလမ်းပိုင်းပေါ်ရှိ ညောင်ပင်ကျေးရွာမှ ဒေသခံအချို့နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်သူများရှိလာနေ‌ကြောင်း သိရှိရပါသည်။

စစ်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဒေသခံပြည်သူများက နေရပ်စွန့်ခွာမှုများရှိနေပြီး ရွာရှိသက်ကြီးရွယ်အို ဒေသခံများ နှင့် ကလေးငယ်များ၊ အမျိုးသမီးအများစုသည် နန့်မီးလောင်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများထံသို့ ခေတ္တရှောင် နေကြရပြီး ဒေသခံအမျိုးသားအချို့သာ ရွာအပြင်ရှိ ယာခင်းတောများတွင် ယာယီတိမ်းရှောင် နေကြကြောင်း ၎င်းဒေသခံ များ၏ ပြောဆိုချက်အရ သိရှိရပါသည်။

#PAN