ညီနောင်မဟာမိတ်သုံးဖွဲ့မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဆင်မပြေမှုတွေရှိနေကြောင်း ဝန်ခံ

ဇန်နဝါရီ ၁၂

ညီနောင်မဟာမိတ်တပ်ဖွဲ့ဆိုပြီး နာမည်ကြီးနေတဲ့ မြန်မာအမျိုးသားဒီမိုကရစ်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်မတော် (AA)တို့အကြား အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ့ သဝဏ်လွာမှာ အခုလို ဝန်ခံ ရေးသားထားတာ ဖြစ်ပါတယ်။

“မိမိတို့ ညီနောင်အချင်းချင်းအကြားတွင် ကတောက်ကဆ အဆင်မပြေမှုများ တစ်ခါတစ်ရံရှိခဲ့ကြသည်”လို့ အဲဒီသဝဏ်လွှာမှာ ရေးသားဖော်ပြထာတာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ဆုံးဖြတ်ချက်တစ်ခုခု၊ လုပ်ဆောင်ချက်တစ်ခုခု လုပ်ဆောင်တော့မယ်ဆိုရင် သူ့အဖွဲ့စကားမှ ငါ့အဖွဲ့စကားမှဆိုပြီး အနိုင်လု လုပ်ဆောင်နေကြတာတွေလည်း ရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ကိုးကန့်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ MNDAA သိမ်းဆည်းထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်က ဘုရားစေတီတစ်ဆူကို ဆယ်ပေါင်တူတွေနဲ့ ထုခွဲနေတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့ ဘုရားဆင်းထုတော်တစ်ဆူရဲ့ ဦးခေါင်းတော်ကို ဓားနဲ့ ခုတ်ခွဲနေတဲ့ ဗီဒီယိုဖိုင်တစ်ဖိုင် ထွက်ပေါ်လာတဲ့အပေါ် ညီနောင်မဟာမိတ်အဖွဲ့မှာ အငြင်းပွား အဆင်မပြေမှုတွေ များပြားခဲ့တယ်လို့လည်း သိရပါတယ်။

PAN