ကျိုက်ထိုမြို့ ၊ အင်းဝဘဏ် လုံခြုံရေးတာဝန် ထမ်းဆောင် နေသူ ၁ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

ဇန်နဝါရီ ၁၂

ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေးရှိ အင်းဝဘဏ်လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ဘဏ်လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးကို အကြမ်းဖက်သမား ၇ ဦးမှ ကား ၂ စီးဖြင့် ရောက်ရှိလာပြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်သွားရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ပြည်သူ့ စစ်တပ်ဖွဲ့ဝင် ဦး‌ကျော်ကြီး၊ ထိခိုက်သေဆုံးပြီး ၄င်းကိုင်ဆောင်သည့် M16 ၁ လက် နှင့် ကျည်ဘောက် ၁ ခုတို့ကို ယူ‌ဆောင် သွားခဲ့ခြင်းခံရကြောင်း သိရှိရပြီး၊ ၄င်းအပြင် ဘဏ်အနီးဖြတ်သန်းသွားသည့် ပြည်သူ အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

#PAN