သာလွန်အင်အားအသုံးပြု၍လာရောက်တိုက်ခိုက်သော ယင်းမာပင်ခရိုင်အကြမ်းဖက် PDFအဖွဲ့ ၄၈ ဖွဲ့ကိုယင်းမာပင်မြို့နယ် ၊ဘန့်‌ဘွေးရွာပြည်သူ့စစ်ပူးပေါင်းအထိုင်အဖွဲ့မှ စနစ်တကျခုခံတွန်းလှန်ရာ အကြမ်းဖက်အဖွဲ့များ အကျဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေး


ဇန်နဝါရီ ၁၁

ယမန်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေးကျေးရွာအုပ်စု ၊ ဘန့်ဘွေးကျေးရွာရှိ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အထိုင်စခန်းကို ယင်းမာပင်ခရိုင် အကြမ်းဖက်PDFအဖွဲ့ ၄၈ ဖွဲ့က သာလွန်အင်အားအသုံးပြု၍ တိုက်ခိုက်သဖြင့် ပြင်းထန်းစွာ ထိ‌တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

မြေပြင်ဖြစ်စဉ် သတင်းများအရ အကြမ်းဖက် PDF အင်အား ၃၀၀ ကျော်ခန့်ရှိပြီး ၎င်းတို့သည် စည်လောင်ကျေးရွာ ၊ ကံစုကျေးရွာ ၊ တရော်ကျင်းကျေးရွာ ၊မဲဇောတောတိုက်စသည့်နေရာမှ ဘန့်ဘွေးရွာပြည်သူ့စစ်အထိုင်စခန်းကို လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြေပြင်သတင်းအရ သိရှိရပါသည်။

၎င်းတို့အကြမ်းဖက်အဖွဲ့များက လက်နက်ကြီးပစ်အားအမြောက်အများအသုံးပြုပြီး ဘန့်ဘွေးရွာအတွင်းသို့ ကျားတက်ထိုးဝင်ရန်ကြိုးစားခဲ့သော်လည်း ဘန့်ဘွေးရွာအထိုင်စခန်းရှိ ပြည်သူ့စစ်ပူးပေါင်းလုံခြုံရေးအဖွဲ့၏ စနစ်တကျ ခုခံပစ်အားကောင်းများအသုံးပြုနိုင်သဖြင့် ဘန့်ဘွေးရွာအတွင်းသို့ ချဉ်းကပ်ဝင်ရောက်နိူင်ခြင်းမရှိကြောင်း သိရှိရပါသည်။ထိတွေ့တိုက်ပွဲကြာချိန်မှာ ၁ နာရီ ၃၀ မိနစ်ခန့်ကြာမြင့်ကြောင်းသိရသလို အကြမ်းဖက်PDFအဖွဲ့ အစုဖွဲ့ရှိရာ လေးညှင်တောင်ထိပ် နှင် ထန်းဇဉ်ကျေးရွာအစပ်ကို လက်နက်ကြီး ပစ်ကူအရယူ၍ ရွာအနီးကပ်လာသော အကြမ်းဖက်PDFများကို ပြည်သူ့စစ်ပေါင်းအထိုင်အဖွဲ့က စနစ်တကျ တွန်းလှန်ခဲ့ရာ ၎င်း PDFအဖွဲ့များသည် ထိခိုက်ကျဆုံးမှုများရှိ၍`ပြန်ဆုတ် ပြန်ဆုတ်’ဟု အော်ဟစ်ကာ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရှိရပြီး ပြည်သူ့စစ်အထိုင်အဖွဲ့မှ တစုံတရာ ထိခိုက်မှုမရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့၏ ဗုံးတချို့ ရွာအတွင်းကျရောက်ပြီး မပေါက်ကွဲသောဗုံးများရှိနေသေး၍ ရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews