မြန်မာနိုင်ငံရောဂါဗေဒ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄) ဒုတိယနေ့ ဆက်လက်ကျင်းပ

ဇန်နဝါရီလ ၁၁

ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံ    ရောဂါဗေဒပညာရပ်ဆိုင်ရာ   နှီးနှောဖလှယ်ပွဲ (၂၀၂၄) (Myanmar Pathology  Conference 2024) Day ကို ဇန်နဝါရီလ ၁၀ ရက်တွင်   ဆေးတက္ကသိုလ်(၁) ရန်ကုန် လမ်းမတော်ဝင်း၌   ဆက်လက်ကျင်းပရာ ဆေးနှင့်    ဆေးနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီနှင့် အသင်းများမှ ဥက္ကဋ္ဌများ၊ ရောဂါဗေဒ ဘာသာရပ် နာယကအငြိမ်းစား ဆရာ၊ ဆရာမကြီးများ၊   ရောဂါဗေဒ ဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများနှင့် ရောဂါဗေဒ ဆရာဝန်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ကြသည်။

နှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် Pathology Updates in Theranostic Era  အားလျော်စွာ မြန်မာနိုင်ငံ ရောဂါဗေဒ နယ်ပယ်အသီးသီးမှ ရောဂါဗေဒပညာရှင်ကြီးများ၊ နိုင်ငံတကာမှ ရောဂါဗေဒပညာရှင်များ၊ မျိုးဆက်သစ်ရောဂါ ဗေဒပညာ ရှင်များဖြင့် ယမန်နေ့ကနည်းတူ ဆက်လက်ကျင်းပရာတွင်   ရောဂါဗေဒ ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်းများကို ပညာရှင်များက စာတမ်းခေါင်းစဉ်များအလိုက် အသီးသီး

ဆွေးနွေးကြသည်။  Clinicopathological Conference (CPC) အပါအဝင် ပညာရပ်ဆိုင်ရာ ဆွေးနွေးခြင်းများအား မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဝါရင့်ရောဂါဗေဒ ပညာရှင်ကြီးများနှင့် ရောဂါဗေဒ ဆရာဝန်များမှလည်း ဝိုင်းဝန်း ဆွေးနွေး ပေးခဲ့ကြပြီး နှီးနှောဖလှယ်ပွဲကို ညနေ ၄ နာရီခွဲ တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews