ကျောက်ဆည်မြို့၊ မြို့မစျေးအပြင်ဘက်ရှိ ရွှေဆိုင် ၂ ဆိုင် ဓားပြတိုက်ခံရ

ဇန်နဝါရီလ ၁၁

 ယနေ့ ၁၁ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ၊စုကြီးရပ်ကွက်ရှိ၊ မြို့မစျေး အပြင်ဘက် အရှေ့ဘက်တန်းမှာရှိတဲ့ ဦးသန်းထွန်းရွှေဆိုင် နဲ့ ဦးသန်းနိုင်တို့ပိုင်ဆိုင်တဲ့ ရွှေဆိုင် ၂ ဆိုင်ကို အမည်မသိ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၅ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်များပစ်ဖောက်ကာ ဓားပြတိုက် သွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် အမည်မသိ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၅ ဦးက သေနတ်တွေပစ်ဖောက်ပြီး၊ သေနတ်ဒင်တွေ၊ တူ တွေနဲ့ မှန်ကောင်တာတွေကို ရိုက်ခွဲပြီးကာ ဦးသန်းထွန်း+ဒေါ်ခင်မာရီ ရွှေပန်းတိမ်ဆိုင်မှ ရွှေထည်ပစွည်း ၃၀ ကျပ်သားနှင့် ဦးသန်းနိုင်+မသူဇာဝင်း ရွှေပန်းတိမ်ဆိုင်မှ ရွှေထည်ပစွည်း ၄၀ ကျပ်သား စုစုပေါင်း ရွှေထည်ပစွည်း ၇၀ ကျပ်သား၊ သိန်းနှစ် ထောင်ကျော်ဖိုး လုယက်ယူဆောင်ကာ ကျောက်ဆည်-တံတားဦးကားလမ်းအတိုင်း ထွက်ပြေးသွားကြောင်း သိရှိရပါသည်။

PAN