ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနှစ်ထပ်ဆောင် မကြာမီ ဖွင့်လှစ်နိုင်တော့မည်

ဇန်နဝါရီလ ၁၀

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ၇ ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေလ ၂၇ ရက်မှ စတင် တည်ဆောက်ခဲ့ရာ ယခုအခါ အချောသပ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မကြာမီပြီးစီးတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်ပြည်သူဆေးရုံသစ်ကြီးဟာ ခုတင်(၄၀၀)ဆံ့ဆေးရုံကြီးဖြစ်ကာ ပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီးမှာသာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို အကုန်အကျသက်သာစွာနဲ့ ဝန်ဆောင်မှုလုပ်ငန်း များ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

အဆိုပါဆေးရုံသစ်ကြီးမှာ ဓာတ်မှန်ခန်း ၆ ခန်း နှင့် ကွန်ပျူတာ ဓာတ်မှန်ခန်း ၂ ခန်းပါဝင်တဲ့အဆောင်များ၊ ဓာတ်ခွဲခန်းများ အဆောင်များ၊ ဖျားနာကုသဆောင်များ၊ သွေးရောဂါကုသဆောင်များ၊ ရိုးတွင်းခြင်ဆီ အစားထိုး ကုသဆောင်များ၊ အမျိုး သား အမျိုးသမီးလူနာဆောင်များ၊ သီးသန့်လူနာခန်းများပါဝင်တဲ့အဆောင်များ၊ တာဝန်ကျ ဆရာဝန်၊ ဆရာမများ၊သူနာပြုများ နားနေခန်းများနှင့် အခြားအထွေထွေရာဂါ ကုသအဆောင်များ ပါဝင်တယ်လို သိရပါတယ်။

PAN