အောင်လံမြို့နယ် ၊ ကျောက်ပန်းတောင်းအခြေစိုက် ညောင်ပင်ဝိုင်း‌ကျေးရွာအုပ်စု ၊ကင်ပွန်းခြုံကျေးရွာမှ အုပ်စုအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

ဇန်နဝါရီလ ၁၀

ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်းအခြေစိုက် ညောင်ပင်ဝိုင်း‌ကျေးရွာအုပ်စု၊ ကင်ပွန်းခြုံကျေးရွာမှ အုပ်စုအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံးကြောင်း သိရှိရပါသည်။

အုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦး၀င်းနိုင်(ပြည်ခိုင်ဖြိုးပါတီ၀င်)သည် ကျေးရွာတွင် သက်သာသောဈေးနှုန်းဖြင့် ဆီရောင်းချပေး နိုင်စေရေးအတွက် အောင်လံမြို့နယ်မှ ဆီထုတ်ယူပြီး အဖော်ဖြစ်သူ ဦးမြင့်ရွှေနှင့် ရွာသို့အတူပြန်လာစဉ် ညောင်ပင်ဝိုင်း ကျေးရွာ လမ်းပေါက်အတွင်းတွင် PDF အကြမ်းဖက် ၂ ဦးက ဆိုင်ငယ်နှင့်စောင့်ဆိုင်းပြီး ဦးမြင့်ရွှေအား လမ်းပေါ်တွင် မှောက်ခိုင်းပြီး အုပ်ချုပ်ရေးမှူးဖြစ်သူ ဦး၀င်းနိုင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံး သွားကြောင်း သိရှိရပါသည်။

အခင်းဖြစ်ပွားသောနေရာသည် ညောင်ပင်ဝိုင်းကျေးရွာလမ်းမပေါက်ဖြစ်ပြီး အောင်လံမြို့နယ်နှင့် အရှေ့တောင်ဘက် ၈ မိုင် ခန့်သာကွာဝေးပြီး စမ်းကလေးကျေးရွာ လုံခြုံရေးဂိတ်နှင့် ကျောက်ပန်းတောင်းရဲစခန်းကြားတွင် တည်ရှိသော နေရာဖြစ် ကြောင်း သိရှိရပါသည်။

PAN