မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်း၊ ၄၂×၄၃ လမ်းကြားရှိ BOSS KTV ဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွား ၁ ဦးဒါဏ်ရာရရှိ

ဇန်နဝါရီလ ၁၀

ယနေ့ ၂ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်း၊ ၄၂×၄၃ လမ်းကြားရှိ BOSS KTV ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦးဒါဏ်ရာရရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အဆိုပါဆိုင်ဝင်းအတွင်းသို့ ​ ၅၉ လမ်းအတိုင်း မြောက်မှတောင်သို့ အမျိုးသား ၂ ဦး စီးနင်းလာသည့် SCOOPY (အနက်ရောင်)၊ ဆိုင်ကယ်ပေါ်မှ နောက်ထိုင်လိုက်ပါသူက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ဆိုင်ဝင်းအတွင်း ကျရောက် ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် ဆိုင်အထွေထွေဝန်ထမ်းဖြစ်သော မောင်အောင်ဇေယျ၊ ၁၉နှစ်၊ (ဘ) ဦးကျော်ဇောသူ၊ ကောလင်းမြို့နေသူတွင် ဝဲ-ခြေထောက် မိုင်းစထိမှန်ဒါဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိပါသည်။

PAN