မန္တလေးတောင်သူတွေအတွက် ဆောင်းသီးနှံချေးငွေ ဇန်နဝါရီလ ကုန်ထိ တစ်လထပ်တိုး ထုတ်ချေးမယ်

ဇန်နဝါရီလ ၁၀

မန္တလေးတိုင်းဒေသကြီးမှာ တောင်သူတွေအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ လကုန်အထိ တစ်လထပ်တိုး ထုတ်ချေးပေးမယ်လို မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ဧက လေးသောင်းကျော်အတွက် ကျပ် ၄ ဒသမ ၂ ဘီလီယံကျော် ထုတ်ချေးဖိုလျာ ထားတာဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်ကနေ ဒီဇင်ဘာလကုန်အထိသာ ထုတ်ချေး ဖို စီစဉ်ခဲ့တာ ဖြစ်ပါ တယ်။ လက်ရှိ တောင်သူတွေအနေနဲ့ သွားလာရေးအခက်အခဲတွေ ရှိနေတာကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ချေးငွေ သက်တမ်းကို တစ်လထပ်တိုး ထုတ်ချေးဖို စီစဉ်ထားတယ်လို ဆိုပါတယ်။

ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို စပါးတစ်ဧကကို ကျပ် ၁၅၀,၀၀၀ နှုန်းနဲ့ မြေပဲ၊ ပဲတီစိမ်း၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲပုပ်၊ ပဲလွမ်း၊ ပြောင်း စတဲ့အခြားသီးနှံ တွေအတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်း ထုတ်ချေးပေးတာဖြစ်ပါတယ်။ လက်ရှိမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြိုနယ် ၁၂ မြိုနယ်မှာ စိုက်ဧက ၁၄,၁၆၅ ဧကအတွက် တောင်သူ ၃,၂၆၈ ဦးကို ချေးငွေ ကျပ် ၁,၄၅၀ ဒသမ ၈ သန်း ထုတ်ချေးပေးထားပြီး ဖြစ်တယ်လို သိရပါတယ်။

PAN