နွားထိုးကြီးမြို့နယ်၊ ကန်နားနယ်မြေရဲစခန်းအား အကြမ်း ဖက်အဖွဲ့(အင်အားစီစစ်ဆဲ)က မီတာ ၄၀၀ အကွာရှိ ထန်း တောဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်

ဇန်နဝါရီလ ၁၀

ယမန်နေ့ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကန်နားနယ်မြေ ရဲစခန်းအား အကြမ်း ဖက်အဖွဲ့(အင်အားစီစစ်ဆဲ)က ရဲစခန်း၏ အနောက်ဖက် မီတာ ၄၀၀ အကွာရှိ ထန်းတောဖက်မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရပါသည်။

အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်သည့် ၄၀ မမ ဗုံးသီး ၁ လုံးမှာ စခန်းရှေ့ ရေမြောင်းအတွင်း ကျရောက်ခဲ့ကာ ပေါက်ကွဲမှုမရှိဘဲ ၄၀ မမ ဗုံးသီး ၁ လုံးမှာ ရဲစခန်းဝင်းအတွင်း အရာရှိနေအိမ်လိုင်းခန်းဘေး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/ အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်စဥ်တွင် ရဲဒုတပ်ကြပ် မျိုးမင်းအောင်၏ ခါးယာဘက်တွင် ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

PAN