ချမ်းမြသာစည်မြို့နယ်တွင် လူနေအိမ် RC ၂ ထပ်၊ နံကပ် တိုက်အဆောက်အဦး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ရှင်ဖြစ်သူ မီးခိုးမွှန်၍ သေဆုံး

ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၆၈လမ်း၊ ၁၁၁×၁၁၂ လမ်းကြားရှိ အကွက်အမှတ်(ခ- ၆)၊ အိမ်အမှတ်(၁၂)၊ အိမ်ပိုင်ရှင် ဦးကျော်ဝင်း၏ လူနေအိမ် RC ၂ ထပ်၊ နံကပ်တိုက်အဆောက်အဦး ယနေ့နံနက် ၁ နာရီ ၂၂ မိနစ်အချိန်ခန့်က မီးလောင်မှု​ဖြစ်ပွားခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၅၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းသည့် ဖြစ်စဥ်မှာ နေအိမ်အပေါ်ထပ်ရှိ ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးလောင်မှုစတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် အဆောက်အဦး ဆုံးရှုံးမှုတန်ဖိုး ၂,၁၀၀,၀၀ဝ ကျပ်ခန့်၊ အတွင်းပစ္စည်း ၁,၀၀၀,၀၀၀ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကာ စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုး ၃,၁၀၀,၀၀ဝ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ ကြောင်း၊ အိမ်ရှင်ဖြစ်သူ ဦးကျော်ဝင်း၊ ၇၇ နှစ်၊ (ဘ)ဦးခင်အောင်၊ သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း)မှာ မီးခိုးမွှန်၍ အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

PAN