Austin က ကမ်းလှမ်းပါက Biden သည်  နုတ်ထွက်စာကို လက်ခံမည်မဟုတ်ဟု ဆို

ဇန်နဝါရီ ၉

     သမ္မတ ဂျိုးဘိုင်ဒင်သည် ၎င်း၏အရေးပေါ် ဆေးရုံတက်ရမှုနှင့် ပတ်သက်၍ အိမ်ဖြူတော်အား မပြောပြခဲ့သည့်နောက် ကာကွယ်ရေးဝန် ကြီး လွိုက်အော်စတင်အား ရာထူးမှ ထုတ်ပယ်ရန် မစဉ်းစားထားကြောင်း အကြီးတန်းအုပ်ချုပ်ရေးအရာရှိလေးဦးက POLITICO သို့ ပြောကြားခဲ့သည်။

      ထို့အပြင် အော်စတင်အား ကမ်းလှမ်းပါက သမ္မတ နုတ်ထွက်စာကို လက်ခံမည်မဟုတ်ကြောင်း တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

      “အော်စတင် ဘယ်ကိုမှ မသွားဘူး” ဟု အကြီးတန်း အုပ်ချုပ်ရေး အရာရှိ တစ်ဦးက ပြောသည်။ Austin သည် ရာထူးမှ နုတ်ထွက်ရန် အစီအစဉ်မရှိဟု ပင်တဂွန်က ကြေညာထားပြီးဖြစ်သည်။  “ကျွန်ုပ်တို့၏ နိုင်ငံ တော်ကာကွယ်ရေးအတွက် ကာကွယ်ရေးဝန်ကြီးအဖြစ် သူ၏တာဝန်များကို ထမ်းဆောင်ရန် အာရုံစိုက်နေဆဲဖြစ်သည်” ဟု အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာန(United States Department of Defense – DOD) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Patrick Ryder က သတင်းထောက်များအား ပြောကြားခဲ့သည်။

      Austin ဘက်မှရပ်တည်ရန် Biden ၏ ဆုံးဖြတ် ချက်သည် သမ္မတဟောင်း Donald Trump အပါအဝင် ရီပတ်ဘလစ်ကန်များက ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုမှုများကြားတွင် ထွက်ပေါ်လာခြင်းဖြစ် သည်။  Austin သည် Walter Reed National Military Medical Center တွင် ထုတ်ဖော်ပြသခြင်းမရှိသော ခွဲစိတ်မှုမှ နောက်ဆက်တွဲပြဿနာများနှင့်အတူ ဆေးရုံတက်နေရကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သလို သူ့တွင် မည်သည့်ရောဂါရှိကြောင်းနှင့် ယင်းကဲ့သို့ ထိလွယ်ရှလွယ်ကိစ္စရပ်ကို လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် မေးခွန်းထုတ်လာခြင်းဖြစ် သည်။

       အော်စတင်သည် အိမ်ဖြူတော် သို့မဟုတ် ၎င်း၏ လက်ထောက်အား ဆေးရုံတက်ရန် သုံးရက်ကြာ အကြောင်းကြားခြင်းမရှိသော်လည်း Austin နှင့် ၎င်း ၏အဖွဲ့သည် ကောင်းမွန်သောအနေအထားတွင် ရှိနေ သည်ဟု ဘိုင်ဒင်နှင့် ၎င်း၏ အဖွဲ့မှ အခိုင်အမာ ပြော ဆိုထားသည်။  ၎င်းတို့နှစ်ဦးစလုံးသည် စနေနေ့တွင် အော်စတင်၏ ဇန်နဝါရီ ၁ ရက်က ဆေးရုံတက်ပြီးနောက် ပထမဆုံး စကားပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး Biden မှ အတွင်းရေးမှူးကို မကြာမီ ပင်တဂွန်တွင် ပြန်တွေ့ရန် မျှော်လင့်ကြောင်း Biden က ပြောကြားခဲ့သည်ဟု Politico သတင်းဌာနက ဖော်ပြထားသည်။

#PAN