၂၀၂၄ ခုနှစ် နှစ်အစတွင် အနီကတ်ထိခဲ့တဲ့ မော်ရင်ဟို

ဇန်နဝါရီ ၉

ဇန်နဝါရီလ ၈ ရက်က အတ္တလန်တာအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲပြီးခါနီး၌ ရိုးမားနည်းပြ မော်ရင်ဟိုဟာ အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ကွင်းထဲကထွက်ခွာ သွားခဲ့ရပါတယ်။ အနီကတ်ပြတာနဲ့ မစိမ်းတဲ့ အခုအနီကတ်ဟာ နည်းပြ မော်ရင်ဟိုအတွက် လက်ရှိရာသီရဲ့ ဒုတိယမြောက်အနီကတ်ဖြစ်သလို ၂၀၂၄ ခုနှစ် အစတွင် ပထမဆုံးရရှိခဲ့အနီကတ် ဖြစ်ပါတယ်။ အောက်တိုဘာလက မွန်ဇာအသင်းနဲ့ပွဲမှာ မွန်ဇာ အရံခုံတန်းရှေ့ သွားလှောင်ပြောင်လို အနီကတ်ထိခဲ့တာ ဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ မော်ရင်ဟို ဟာ အဝါကတ် ပထမအကြိမ်ထိထားပြီးသား ဖြစ်ပေမယ့် ပွဲချိန် ၉၄ မိနစ်မှာ ဒိုင်လူကြီးကို ပြစ်ဒဏ် ဘောသတ်မှတ်ပေးတာနဲ့ပတ်သက်ပြီး စောဒကတက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ဒုတိယအဝါကတ် ထပ်မံပြသခဲ့လို ကွင်းထဲကနေထွက်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါပွဲတွင် အေစီမီလန်နဲ့ အတ္တလန်တာအသင်းတိုဟာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

#PAN