အကြမ်းဖက်သမားမှန်သမျှ ချေမှုန်းမှုမှ ကင်းလွတ်ခွင့် မရစေရဟု နေတန်ယာဟုပြော

ဇန်နဝါရီ ၉

အကြမ်းဖက်သမားမှန်သမျှ ချေမှုန်းမှုမှ ကင်းလွတ်ခွင့်မရစေရဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောသည်။ ဟစ်ဇဘိုလာတိုအနေဖြင့် ဟားမတ်တို ရရှိသွားသည့် သင်ခန်းစာအပေါ် တွင် ထပ်မံအဖြေရှာ နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် နိုင်ငံ၏အမျိုးသားရေးရည်မှန်းချက်မှာ နိုင်ငံသားများကို ကာကွယ်ရန်ပင်ဖြစ်ကြောင်း နေတန်ယာဟု က ပြောသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အစ္စရေးနှင့် ဟားမတ်တိုကြား တိုက်ပွဲများဖြစ်ပွားပြီး နောက် မကြာမီ လက်ဘနွန်နိုင်ငံအခြေစိုက်စစ်သွေးကြွအုပ်စုဖြစ်သည့် ဟစ်ဇဘိုလာတိုကလည်း ၎င်းတိုအနေဖြင့် အစ္စရေးနှင့် စစ်ဖြစ်နေပြီဟုဆိုကာ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ ကို လုပ်ဆောင်လာခြင်းဖြစ်သည်။


နေတန်ယာဟု က မိမိတိုအနေဖြင့် ကိုယ့်နိုင်ငံသားများကို ကာကွယ်ရန် ဆုံးဖြတ်ထားသလို မြောက်ပိုင်း ဒေသခံတွေကို လည်း ၎င်းတို၏ အိမ်များဆီသို ဘေးကင်းစွာ ပြန်ပိုပေးဖို အတူတကွ ကြိုးပမ်းဆောင်ရွက်နေ ကြောင်း၊အမျိုးသားရေး ရည်မှန်းချက်အဖြစ်သံတမန်ရေးနည်းလမ်းနှင့်ဖြေရှင်းရန်မဖြစ်နိုင်ပါက တခြားနည်းလမ်း ဖြင့် ဖြေရှင်းသွားမည်ဟု ပြောသည်။ ဟစ်ဇဘိုလာများက ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် လက်ဘနွန်နယ်စပ် အနီးရှိ အစ္စရေးတို၏ စစ်စခန်း တစ်ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝန်ခံထားသည်။


အစ္စရေး တပ်မတော်ကလည်း ထိုစခန်းတိုက်ခိုက်ခံရကြောင်း ဝန်ခံထားသော်လည်း အသေးစိတ် အချက် အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ တစ်ဆက်တည်းမှာပင် ထုတ်ပြန်ချက်တစ်ခု၌ ဟစ်ဇဘိုလာတို၏ တိုက်ခိုက်မှုများကို တုံပြန်သည့် အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇဘိုလာတိုအပေါ် တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့သည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

PAN