လောက်ကိုင်မှ စေတီတစ်ဆူကို MNDAAက ဖျက်စီးမှုကို မန္တလေးသံဃာတော် ၁၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၃၀၀ ကျော်က ဆန့်ကျင်ရှုပ်ချ

ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်း ကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူအား MNDAA အကြမ်းဖက် သောင်းကျန်းသူများက ဖျက်ဆီးခဲ့မှုကို မန္တလေးမြို့မှ သံဃာ ၁၀၀ ပါးနှင့် လူပုဂ္ဂိုလ် ၃၀၀ ဦးတို့က ဆန့်ကျင်ရှု့ချပွဲကို ယနေ့ ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သံဃာတော်များနှင့် လုပုဂ္ဂိုလ်များသည် မန္တလေးတိုင်း အောင်မြေသာစံမြို့ နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂×၆၆လ မ်းကြား၊ ၁၁×၁၂လမ်းကြားရှိ နန်း​မြေဘုံသာ စံနန်းတော်ရာ စန္ဒမုနိဘုရားအ ရှေ့မုခ်မှစတင်ကာ မဟာလောကမာရဇိန်ကု သိုလ်တော်ဘုရားတောင်ဘက်ရှိ ရေလယ်ဘောင်ဇရပ် စုဝေးချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန့်ကျင်ရှုံ့ချကြောင်း ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသူများသည် “မြန်မာ နိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်း သားများကိုး ကွယ်နေသည့် ဘုရား၊ စေတီများအား ဖျက်စီးသူ အကြမ်း ဖက်သမားများအား ဆန့်ကျင်ကြ” “သာသနာကိုဖျက်ဆီးနေ သော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး ဒို့အရေး”၊”ဗုဒ္ဓသာသနာအား စော်ကားဖျက်ဆီးနေသော အကြမ်းဖက် သူပုန်မှန်သမျှဆန့်ကျင်ကြ – ဆန့်ကျင်ကြ”၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖ က် သူပုန်မှန်သမျှ ကျဆုံးပါစေ-ကျဆုံးပါစေ” စသည့်ကြွေး ကြော်သံများကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသူများသည် ညနေ ၃ နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၆×၈၄ လမ်းထောင့်ရှိ စျေးချိုတော် နာရီစင်အနီးနှင့် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမြတ် မုနိဘုရားတို့တွင် နိုင်ငံတော်အလံနှင့် သာသနာ့အလံများ၊ ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်၍ ကြွေးကြော်သံများ ကြွေးကြော် ကာ ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။

PAN