ဘုတလင်မြို့နယ် ၊ စီပါကျေးရွာတွင် ခိုအောင်းနေသော အကြမ်းဖက်PDFများကိုတပ်မတော်စစ်ကြောင်းအဖွဲ့က နှိမ်နင်းရှင်းလင်း

ဇန်နဝါရီ ၉

ယနေ့ နံနက် ၈ နာရီချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာအတွင်းအကြမ်းဖက် PDFများ ခိုအောင်းနေကြောင်း ဒေသခံများထံမှ သတင်းရရှိ၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါနေရာသို့ လုံခြုံအဖွဲ့များရောက်ရှိသွားရာ အကြမ်းဖက် PDF အဖွဲ့များ ကိုယ်အလွတ်ရုန်းထွက်ပြေးသွားကြပြီး ၎င်းတို့၏ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများဖြစ်သော လက်လုပ်သေနတ် ၄ လက် ၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ အိုင်ကွန် ၁ လုံး၊ ၅.၅၆ မမကျည် ၃၀ တောင့်၊ လက်လုပ်ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

ဒေသတွင်းပြည်သူများမှ အကြမ်းဖက်PDFအဖွဲ့များ၏ ဒေသခံပြည်သူများအပေါ် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ငွေကြေးကောက်ခံနေပြီး ထည့်ဝင်နိုင်ခြင်းမရှိသူများကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ ခြိမ်းခြောက်လာသဖြင့် ဒေသံခံပြည်သူများက ရွံရှာမုန်းတီးလာနေကြကြောင်း သိရှိရပါသည်။

PAN