ဘန်ဇီမာ ကို ခေါ်ယူသင့်တယ်လို မန်ယူအသင်းကို တိုက်တွန်းခဲ့တဲ့ တိုက်စစ်မှုးဟောင်း ဆာဟာ

ဇန်နဝါရီ ၉

မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဆာဟာ က မန်ယူအသင်းအနေနဲ့ အယ်လ်အစ်တီဟတ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဘန်ဇီမာ ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ရီးရဲလ်အသင်းနှင့် လမ်းခွဲကာ အယ်လ်အစ်တီဟတ်အသင်းသို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် မှာ ဆော်ဒီလိဂ်မှာ ရုန်းကန်နေရပါတယ်။

ဒါကြောင့် ဥရောပရှိ ကလပ်အသင်းတစ်ခုခုသို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း သတင်းထွက်နေတာ ကြောင့် ဆာဟာ က ‌မန်ယူအသင်းအနေနဲ့ ခေါ်ယူသင့်တယ်လို တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

#PAN