နွေရာသီမှာ ရီးရဲလ်အသင်းသို ပြောင်းမယ်လို သတင်း‌ထွက် လာပြန်တဲ့ ဘာပေ

ဇန်နဝါရီ ၉

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ၆ လပဲကျန်တော့တဲ့ ဘာပေ ဟာ အခုဇန်နဝါရီလမှာ အသင်းသစ် တစ်သင်းနဲ့ ကြိုတင်သဘော တူညီမှု ရယူနိုင်ပြီဖြစ်တာကြောင့် ပြင်သစ်ကြယ်ပွင့် အမ်ဘာပေရဲ့ အပြောင်းအရွှေ့သတင်းက ပြန်ထွက်လာပါတယ်။ လက်ရှိနောက်ဆုံးထွက်လာတဲ့ သတင်းအရ ဘာပေ ဟာ လာမယ့် နွေရာသီမှာ ရီးရဲလ် အသင်းကို ပြောင်းရွှေ့ဖို သဘောတူညီမှုရထားပြီလို သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘာပေ ဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖို နီးစပ် ခဲ့ပြီးမှ ပီအက်စ်ဂျီ အသင်းနဲ့စာချုပ်သစ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် ရီးရဲလ်အသင်းဟာ အကြီး အကျယ် စိတ်ဆိုးဒေါသ ထွက်ခဲ့ပြီး ဘာပေ ကို ဘယ်တော့မျှမခေါ်တော့ဖို ဆုံးဖြတ်ခဲ့တယ်လိုလည်း သတင်းတွေ က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့အထဲမှာ ၂ နှစ်နေပြီးရင် ရီးရဲလ် အသင်းကို ပြောင်းရွှေ့ ခွင့် ပေးရမယ်ဆိုတဲ့အချက်ပါထည့်ချုပ်ခဲ့တယ်လို သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ဘာပေ ဟာ ရီးရဲလ်အသင်းကိုရှိရောက်သွားမလားဆိုတာ စောင့်ကြည့်ရပါမှာ ဖြစ်ပါတယ်။

#PAN