နည်းပြဗယ်လ်ဗာဒီ ကို စာချုပ်သစ်ချုပ်ဆိုရန်ဖို စီစဉ်နေတဲ့ ဘီလ်ဘာအိုအသင်း

ဇန်နဝါရီ ၉

စပိန်လာလီဂါကလပ် ဘီလ်ဘာအိုအသင်း ဟာ အသင်းရဲ့ နည်းပြဖြစ်သူ ဗယ်လ်ဗာဒီ ကို စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေပြီး မကြာမီအချိန်အတွင်း အပြီးသတ်နိုင်ရန် မျှော်လင့်ထားတယ်လို သိရပါတယ်။ အသက် ၅၉ နှစ်အရွယ် စပိန်လူမျိုးဝါရင့် နည်းပြ ဗယ်လ်ဗာဒီ ဟာ ဘီလ်ဘာအိုအသင်းကို ယခုရာသီမှာ ရလဒ်ကောင်းများ ရရှိအောင်စွမ်းဆောင်ပေးထားနိုင်တဲ့ အတွက် အသင်းဥက္ကဋ္ဌ ဟိုဆေးအူ ရူတီအာက စာချုပ်သစ်ချုပ်ဆိုနိုင်ရန် စီစဉ် နေခြင်းဖြစ်ပါတယ်။

ယခုရာသီမှာ ဗယ်လ်ဗာဒီ ဟာ ဘီလ်ဘာအိုအသင်းကို လာလီဂါပွဲစဉ် (၁၉) ပွဲကစားပြီးချိန်မှာ ရမှတ် (၃၈) မှတ် ဖြင့် အဆင့် (၄)နေရာတွင် ရပ်တည်နိုင်ရန် စွမ်းဆောင်ပေးထားနိုင်သလို၊ စပိန် ဘုရင့်ဖလားပြိုင်ပွဲတွင်လည်း ရှုးထွက် (၁၆) သင်းအဆင့် သို တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။


ဗယ်လ်ဗာဒီ ဟာ ဘီလ်ဘာအိုအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် နည်းပြလောကထဲသို စတင် ဝင်ရောက်လာသူဖြစ်ကာ အသင်းနှင့်အတူ စပိန်စူပါဖလားချန်ပီယံဆု(၂၀၁၅) ကို ရယူပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

#PAN