ဒုတိယကြိမ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ကျမယ့် မာလီခင် နဲ့ ရိုင်နီယာ

ဇန်နဝါရီ ၉

One Championship က ဒုတိယကြိမ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ကျမယ့် မာလီခင်နဲ့ရိုင်နီယာကို လာမယ့် ၃လပိုင်းမှာ ပွဲတည်ပေးထားပါတယ်။

ပထမတစ်ကြိမ်တွေ့ဆုံမှုမှာတော့ ဒီရိုက်ဒါ တစ်ယောက်ကြိုးဝိုင်းအတွင်းကနေ ထမ်းစင်နဲ့ သယ်သွားခဲ့ရပါတယ်။

အခုလာမယ့်ပွဲအတွက် မာလီခင်ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ဖို့ ဘောက်ဆင်ပိုင်းကို အထူးလေ့ကျင့်နေတယ်လို့ သိရပါတယ်။

မာလီခင်နဲ့ ရိုင်နီယာတို့ဟာ ကာတာမှာကျင်းပမယ့် မတ်လ (၁) ရက်နေ့ One 166 ပြိုင်ပွဲမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဒီပွဲသာနိုင်သွားရင် မာလီခင်က ကမ္ဘာ့ပထမဆုံး ဝိတ်တန်း (၃) ခုချန်ပီယံ ဖြစ်လာမှာပါ။

ထို့ကြောင့် ပထမတစ်ကြိမ်က ရှုံးကြွေးကို ရိုင်နီယာ ပြန်ဆပ်နိုင်မလား..၊ မာလီခင်ကပဲ ကမ္ဘာ့ပထမဆုံး ဝိတ်တန်း (၃) ခုချန်ပီယံ ဖြစ်သွားမလား ဆိုတာ ကြည့်ကောင်းမယ့် ပွဲကောင်း တစ်ပွဲလည်းဖြစ်ပါတယ်။

PAN ကိုအားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။

positiveanglenews.com/

t.me/positiveanglenews

www.youtube.com/@positiveanglenews

vk.com/public220066330