ထိုင်းနိုင်ငံသို ပြောင်းတင်ပိုမှု မြှင့်တင်မည်

ဇန်နဝါရီ ၉

လက်ရှိ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ပြီး မြန်မာ့ပြောင်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို စတင်တင်ပိုနိုင် မှာဖြစ်တာကြောင့် ပြောင်းတင်ပိုမှုကို အရှိန်တိုးမြှင့်သွားမယ်လို မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့ပြောင်းတွေကို နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့် ဖြင့် တင်ပိုခွင့်ပြုလေ့ရှိတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းအနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အတွင်း ပြည်ပဈေးကွက်ကို ပြောင်းတန်ချိန် ခုနှစ်သိန်းဝန်းကျင်အထိ တင်ပိုရောင်းချပေးနိုင်ဖို ရည်မှန်းထားကြောင်း သိရပါတယ်။

မြန်မာ့ပြောင်းကို ဈေးကွက်ချဲ့ထွင်တင်ပိုနိုင်ဖို လုပ်ဆောင်နေပြီး ထိုင်း၊ တရုတ်၊ ဗီယက်နမ်နိုင်ငံတိုမှ ကုမ္ပဏီ ခုနှစ်ခုနဲ့ MoU လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို သိရပါတယ်။