စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်အစပ်ရေကြောင်းလမ်းကို KIA အဖွဲ့မှ ၂ လကျော်ပိတ်ဆို့ ခံထားရ၍ တလူး ကျေးရွာမှ ဒေသခံပြည်သူအချို့ တနိုင်းဘက်သို့ နေ့စဉ်ထွက် ပြေးတိမ်းရှောင်နေကြရ

ဇန်နဝါရီ ၉
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အစပ် ရေကြောင်းလမ်းကို KIAအဖွဲ့မှ ၂ လ ကျော် ပိတ်စို့ခံထားရ၍ တလူးကျေးရွာမှ ဒေသခံပြည်သူအချို့ တနိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင် လာနေကြကြောင်း သိရှိရပါသည်။

KIA မှရေကြောင်းလိုင်းကို ပိတ်စို့ထားလိုက်သည့်အပြင် ဖုန်းလိုင်းများဖြတ်တောက်ခံထားရသည့်အတွက် တလူးကျေးရွာနေ ဒေသခံပြည်သူအချို့သည် ဇန်နဝါရီလ ၅ ရက်နေ့ မှ ယနေ့ထိ တနိုင်းနှင့်ရှင်ဗွေယန်ဘက်ကို တဖြေးဖြေးချင်း တိမ်းရှောင်လာ နေကြောင်း သိရှိရပါသည်။

ရေကြောင်းလမ်းပိတ်ဆို့ခံထားရ၍ စားသောက်ကုန်၊ အခြားကုန်ပစ္စည်းများနှင့် ခရီးသည်များ ဝင်ရောက်လာမှု ရပ်တန့်သွား ခြင်းများကြောင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုများ ဖြစ်ပေါ်ကာ မြေပြင်စစ်ရေးအခြေအနေ တင်းမာနေခြင်းများ ကြောင့်ဒေသခံများက ယခုကဲ့သို့ တိမ်းရှောင်လာခြင်းလည်း ဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါတလူးဒေသသည် ရွှေမှော်ဒေသဖြစ်ပြီး နေထိုင်သည့်ဒေသခံပြည်သူထက်ဝက်ခန့်မှာ အခြားဒေသမှ ရွေ့ပြောင်း လာသည့် လုပ်သားများနှင့် ရွှေတူးဖော်သည့် လုပ်ငန်းရှင်များ၊ ဈေးသည်များသာအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။ တလူးဘက်မှ နေ့စဉ် ၅၀ ဦး နှင့် ၆၀ ဦးခန့်သာ ထွက်ခွာရှောင်တိမ်းလာနိုင်ကြောင်း သိရှိရပါသည်။

ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရ၍ အဆိုပါဖြစ်စဉ်ကို တနိုင်းဒေသဘက်နှင့် ရှင်ဗွေယန်ဘက်ရှိ နီးစပ်ရာ အသိဆွေမျိုးထံသို့ တိမ်းရှောင်လာသည့် ဒေသခံအချို့ ထံမှသိရှိရခြင်းဖြစ်ပါသည်။

PAN