ကန့်ဘလူမြို့နယ် ဇာဒီကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်း လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ

ဇန်နဝါရီ ၉

ယမန်နေ့ နေ့လည် ၂ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာအနီးလုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းရှင်းလင်းရေးဆောင်ရွက်နေစဉ်အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF ၃ လောင်း၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၂ လက်၊ ၅.၅၆ မမ ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရပါသည်။

ဒေသတွင်းပြည်သူများမှ အကြမ်းဖက်PDFအဖွဲ့များ၏ ဒေသခံပြည်သူများအပေါ် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ငွေကြေး ကောက်ခံနေပြီး ထည့်ဝင်နိုင်ခြင်းမရှိသူများကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ ခြိမ်းခြောက်လာသဖြင့် ဒေသံခံ ပြည်သူများက ရွံရှာမုန်းတီးလာနေကြကြောင်း သိရှိရပါသည်။

PAN