အမေရိကန်အစိုးရ၏ မှားယွင်းသောလုပ်ဆောင်ချက်ကို တုံပြန်သည့်အနေဖြင့် တရုတ်က အမေရိကန် ကုမ္ပဏီကြီး များအပေါ် ပိတ်ဆိုမှုချမှတ်

ဇန်နဝါရီ ၈

အမေရိကန်အစိုးရ၏ မှားယွင်းသောလုပ်ဆောင်ချက်အပေါ် တုံပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက အမေရိကန်ကုမ္ပဏီကြီး ငါးခုအပေါ် ပိတ်ဆိုမှုများချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။ တရုတ်အစိုးရ၏ အဆိုပါပိတ်ဆိုမှုများသည် အမေရိကန်က တရုတ်(တိုင်ပေ)သို့ လက် နက်ရောင်းချမှုနှင့် တရုတ်စီးပွားရေးလုပ်ငန်းများ အပေါ် တစ်ဖက်သတ်ပိတ်ဆိုမှုများ ချမှတ်ခဲ့ခြင်းကို တုံပြန်ခြင်းဖြစ် ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရသည် တရုတ်(တိုင်ပေ)သို့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိလက်နက် ပစ္စည်းများရောင်းချရန် ပြီးခဲ့ သည့်လအတွင်းက အတည်ပြုခဲ့ပြီး အမေရိကန်၏ အဆိုပါလုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ဆိုင်မှု၊ လုံခြုံရေးအကျိုးစီးပွားကိုသာမက ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းမှု ကိုလျော့ပါးစေခဲ့ကြောင်း တရုတ် အစိုးရက တုံပြန်ထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

PAN