အစ္စရေးတပ်မတော်(IDF) စစ်ဦးစီးချုပ် Herzi Halevi က စစ်ပွဲသည် ၂၀၂၄ ခုနှစ် တစ်နှစ်ပတ် လုံး ကြာရှည်နိုင်မည်ဟု ထုတ်ပြန်

ဇန်နဝါရီ ၈

      အစ္စရေးတပ်မတော်(IDF) စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Herzi Halevi သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် Yehuda Fox၊ ယုဒနှင့် ရှမာရိဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် Yaki Dololf နှင့် ဒေသတွင်းရှိ တပ်မမှူးများနှင့်အတူ ယုဒနှင့် ရှမာရိတိုင်းတွင် ဇန်နဝါရီ ၇ ရက်၊ တနင်္ဂနွေနေ့က စစ်မြေပြင် အခြေအနေများ ကြည့်ရှုအကဲဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ဦးစီးချုပ်မှ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

       “၂၀၂၄ ခုနှစ်ဟာ စိန်ခေါ်မှု ဖြစ်လိမ့်မယ်၊ ဂါဇာမှာ စစ်ပွဲဟာ တစ်နှစ်ပတ်လုံး ကြာဦးမလားတောင် မသိနိုင်ဘူး၊ ဂါဇာမှာ တစ်နှစ်ပတ်လုံး တိုက်ခိုက်နေကြရဖို့ သေချာနေပြီး၊ ဒါကလည်း တခြားနယ်ပယ်တွေကို ထိန်းထားရမဲ့ အခြေအနေ ရှိလိမ့်မယ်။ ယုဒနဲ့ ရှမာရိ နှင့် တစ်နိုင်ငံလုံးမှာ သေချာပေါက် နိုးနိုးကြားကြားရှိ နေရမဲ့ အခြေ အနေ ရောက်သွားတယ်။ ဒီဒေသတွေမှာ အကြမ်း ဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ဆန္ဒ ရှိနေကြပြီး အဲဒါကို တားဆီးရာမှာ ဘယ်လို အောင်မြင်နိုင်မလဲ၊ ဒါကို တားဆီးရာမှာ ဘယ်လို အောင်မြင်မလဲ ဆိုတာ ငါတို့လက်ထဲမှာ အများကြီးရှိလိမ့်မယ်။ ” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့အပြင် မြောက်ပိုင်းမှာ ဟစ်ဇဘိုလာတို့က စစ်ပွဲထဲကို ဝင်ရန် ဆုံးဖြတ်လာခဲ့ပြီး ၎င်းတို့ထံမှ တိုက်ခိုက်မှုများ တစ်ချိန်လုံးတိုးလာကြောင်း ထို့ကြောင့် တိုက်ခိုက်လိုစိတ်ကို အမြင့်ဆုံးထား ဆောင်ရွက်ခြင်း၊ တားဆီးခြင်း၊ နေထိုင်ရာနေရာများသို့ ဝင်ရောက် စီးနင်းခြင်း၊ အကြမ်းဖက်များကို ချေမှုန်းသတ်ဖြတ်ခြင်းတို့ကို အမြင့်ဆုံးသတ် မှတ်ချက်များနှင့် တိုက်ခိုက်နိုင်စွမ်း အား တန်ဖိုးများကို အမြင့်ဆုံးပြဋ္ဌာန်း လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

     ” မြောက်ဖက် ဒေသခံများကို လုံခြုံစိတ်ချရ အောင် အကြမ်းဖက်မှုကင်းပြီး နေအိမ်များသို့ ဘေးကင်းစွာပြန်လာနိုင်ဖို့ ငါတို့မှာ တာဝန်ဝတ္တရား အပြည့်ရှိပြီး ဒေသခံတွေ အိမ်ပြန်ရောက်ချိန်မှ ငါ့တို့ တာဝန်ဆုံးသတ်မှာ ဖြစ်တယ်။ ငါတို့ လက်ရှိ ဖိအားပေးတိုက်ခိုက် လုပ်ဆောင်မှုတွေ အရ ပိုမို မြင့်တက်လာနိုင်ပြီး ငါတို့အလုပ်ကို လက်ရှိအခြေအနေကနေ လုံးဝကွဲပြားခြားနားတဲ့ အဖြစ်မှန်ကို အကောင်းဆုံး ဖန်တီးလုပ်ဆောင်ကြရမယ်၊ ဒါမှမဟုတ်ရင် အခြားစစ်ပွဲတစ်ခုကို ရောက်ရှိမှာ ဖြစ်တယ်။ ငါတို့အားလုံး လုပ်ကြ ရမယ်၊ ငါတို့အားလုံး အကောင်းဆုံးဖြစ်အောင် လုပ်ကြရမယ်၊ ငါတို့အားလုံး တိုက်ပွဲတွေမှာ အချိန်ကြာနေပြီး နယ်ပယ် အတော်များများမှာ စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း ငါတို့ ဒါကို ဘယ်လို အကောင်းဆုံး လုပ်နိုင်တယ်ဆိုတာ သိကြပါလိမ့်မယ် ။ စစ်ပွဲရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ ငါတို့ အားလုံးသွားရမယ့် ခရီးက ရှည်လျားပြီး အချိန်ယူကြရလိမ့်မယ်။” ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

#PAN