ဘာပေက လာမယ့်နွေရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တယ်လို့ သတင်းထွက်ပေါ်လာ

ဇန်နဝါရီ ၈

PSG အသင်း တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းကို လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက် ၂ ကြိမ်စလုံး အပါအဝင် အချိန်ကာလ အတော်ကြာ သတင်းကြီးခဲ့ကြတာဖြစ်ပါတယ်။

အခုလည်း ရီးရဲလ်က ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် နောက်ဆုံးတစ်ကြိမ် ထပ်မံ ကြိုးပမ်းလာပြန်ပါတယ်။

အမ်ဘာပေဟာ အခုရာသီကုန်မှာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရတော့မယ့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။