နောက်တစ်ဆင့်ကို ၂ ဂိုးပြတ်နဲ့တက်ရောက်ခဲ့တဲ့ လီဗာပူးလ် အသင်း

ဇန်နဝါရီ ၈

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်း တိုပွဲစဉ်မှာ လီဗာပူးလ်အသင်းက ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ ၂ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့် တက်ရောက် သွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဓိက ကစားသမားအစုံအလင်နဲ့ လီဗာပူးလ်အသင်းကို ဧည့်ခံကစားခဲ့ပေမယ့် သွင်းဂိုးမရရှိခဲ့ဘဲ ဒုတိယပိုင်းမှာ နောက်ခံလူ ကီရော ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုအပြင် နာကျင်အချိန်ပို ၃ မိနစ်မှာ လီဗားပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒီယက်ဇ် က နောက်ထပ်သွင်းဂိုးတစ်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ တာကြောင့် ရှုးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံမှာ ၃ ပွဲအထိ နိုင်ပွဲပျောက်နေခဲ့တာလည်း ဖြစ်ပါတယ်။

PAN