ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် ပဋိပက္ခတားဆီးရေးအတွက် ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ ဖွဲစည်းသင့်ဟု အီတလီပြော

ဇန်နဝါရီ ၈

ဥရောပသမဂ္ဂအဖွဲအနေဖြင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် ပဋိပက္ခတားဆီးရေးတိုအတွက် ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီ က ပြော သည်။ ဥရောပသမဂ္ဂ အဖွဲ့ အနေဖြင့် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်လိုပါက အီးယူလက်နက် ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းရန်လိုအပ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိ ဦးဆောင်သည့် Forza Italia ပါတီ၏ ဦးစားပေး အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း အန်တိုနီယို တာဂျာနီက ဇန်နဝါရီလ ၇ ရက်တွင် ထုတ်ပြန်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

အီးယူလက်နက်ကိုင်အဖွဲ့ကို ဖွဲ့စည်းနိုင်ပါက ကမ္ဘာ့ငြိမ်းချမ်းမှုထိန်းသိမ်းရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် အမေရိကန်၊ တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံများကဲ့သို အရှေ့အလယ်ပိုင်းဒေသမှ အင်ဒို-ပစိဖိတ် ဒေသအတွင်းအထိ ဖြစ် ပွားနေသည့် ပဋိပက္ခများတွင် အီးယူနိုင်ငံသားများအား အကာအကွယ်ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများသည် လွန်ခဲ့သည့် နှစ်နှစ် ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားချိန်မှစ၍ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်လာလျက်ရှိသည်။ အန်တိုနီယို တာဂျာနီသည် ပြီးခဲ့သည့်နှစ်အတွင်းက ဆီလ်ဗီယို ဘာလူစကိုနီ သေဆုံးပြီးနောက်ပိုင်းတွင် Forza Italia ပါတီ၏ အကြီးအကဲဖြစ်လာခဲ့ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

PAN