ဂျပန်ကားကုမ္ပဏီတစ်ခုက မြန်မာပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်ထားတဲ့ ကားများကို ထုတ်ရောင်းရန် စီစဉ်နေ

ဇန်နဝါရီ ၈

မြန်မာပြည်ကားဈေးကွက်အတွင်း၌ ဂျပန်ကားကုမ္ပဏီတစ်ခုမှ SKD(Semi Knock Down) ကားများကို ထုတ်ရောင်းရန် စီစဉ်နေကြောင်း ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ အဆိုပါ ဂျပန်ကားကုမ္ပဏီသည် ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်တဲ့စနစ်(SKD)ဖြစ်ကာ မော်တော်ကားအစီးရေ ရာနှင့်ချီတပ်ဆင်ထုတ်လုပ်ပြီး ဖြစ်ကြောင်း သိရပါတယ်။

ပြည်ပမှ ကားအစိတ်အပိုင်းများကို တင်သွင်းပြီး ပြည်တွင်း၌ ပြန်လည်တပ်ဆင်ရောင်းချတဲ့ SKD စနစ်ဖြင့် ကားတင် သွင်းခွင့်ကိုသာ လက်ရှိအချိန်ထိ ခွင့်ပြုထားဆဲဖြစ်ကြောင်း သိရပါတယ်။

ထိုအပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၂၁ ရက်စွဲဖြင့် ပြည်ပမှမော်တော် ယာဉ် တင်သွင်း ခြင်းအတွက် ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်များကို ထုတ်ပြန်ထားကာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်များကို လက်ရှိအချိန်ထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။

PAN