“ဟားမတ်အဖွဲ့၏ ငွေကြေးကွန်ရက်နှင့်ပတ်သက်၍ သတင်းပေးနိုင်သူကို အမေရိကန်က ဒေါ်လာ ၁၀ သန်းချီးမြှင့် မည်”

ဇန်နဝါရီလ ၇

အမေရိကန်နိုင်ငံက ဟားမတ်အဖွဲ့၏ ငွေကြေးကွန်ရက်နှင့်ပတ်သက်၍ သတင်းပေးနိုင်သူကို အမေရိကန် ဒေါ်လာ ၁၀ သန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် တူကီယဲနှင့်ဆူဒန်နိုင်ငံတို့၌ အခြေစိုက်နေသည့် ငွေကြေးထောက်ပံ့ပေးသူငါးဦးနှင့် ပတ်သက်၍ ထိုအဖွဲ့ကို ဖြိုခွင်းနိုင်သည်အထိ သတင်းပေးနိုင်သူကို ဆုငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒီလိုဆုကြေးငွေ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဟားမတ်တို့ကို ငွေကြေးထောက်ပံ့ ပေးနေတဲ့ လူငါးဦးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တောင်းခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟားမတ်တို့ကို ငွေကြေးထောက်ပံ့ပေးနေသူများအနက် ဟမ်ဇာခဲ ဆိုသူမှာ ဆူဒန်နိုင်ငံတွင်ရှိပြီး ဟားမတ် တို့၏ ရင်းနှီးမြှုပ်နှံမှုအောက်တွင် ကုမ္ပဏီအများအပြားကို ဦးစီးနေသူဖြစ်သည်။ အယ်ရှာဝါ၊ ဂျာလပ်နှင့် ဂျာဒယ်လာ တို့သုံးဦးမှာ တူကီယဲနိုင်ငံရှိ ဟားမတ်အဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုကွန်ရက်တွင် အဓိကအဖွဲ့ဝင်များဖြစ်သည်။
အလားတူ နာဆရယ်လာ ဆိုသူမှာ အီရန်ကုမ္ပဏီများနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည့် ဟားမတ်အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် ဟားမတ်အဖွဲ့သို့ ဒေါ်လာသန်းပေါင်းများစွာ လွှဲပြောင်းပေးမှုတွင် အဓိကတာဝန်ရှိသူ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#PAN

Telegram link

https://t.me/positiveanglenews