ချောင်းတောင်အောက်စု အမက ၁၃ စာသင် ကျောင်းအား အကြမ်း ဖက်သောင်းကျန်းသူများမှမီးရိူ့ဖျက်ဆီး

ဇန်နဝါရီ ၇
ကော့ကရိတ် မြို့အမှတ် ၁ရပ်ကွက် ချောင်းတောင်အောက်စုမှာ ခိုအောင်းနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ချောင်းတဘက်ကမ်းရှိ အမှတ် ၃ ရပ်ကွက် မြို့မရဲစခန်းတွင် နေရာယူထားသော မြို့လုံခြုံရေးအဖွဲ့တို့ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၂ နာရီမှစတင်ကာ ညနေ ၄း၃၀ အချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် ပြန်လည်ဆုတ်ခွာသွားသော အကြမ်းဖက်သောင်းကြမ်းသူများသည် အမှတ် ၁ ရပ်ကွက် ချောင်းတောင်အောက်စု အမက ၁၃ စာသင်ကျောင်းအား မီးရိူ့ဖျက်ဆီးသွားခဲ့ကြောင်းသိရသည်။

KNU လက်အောက်ခံ KNLA KNDO နှင့် PDF များသည် ကော့ကရိတ်မြို့အား လက်နက်​ကြီး လက်နက်ငယ်များနှင့်ပစ်ခတ်ခြင်း ဒရုန်းဖြင့်​ဗုံးကြဲခြင်းများ မကြာခဏ ပြုလုပ်နေပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် မြို့နေပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခြင်းအပြင် သေဆုံးခြင်းများလည်း ဖြစ်ပေါ်လျှက်ရှိသည်။