“ကိုရီးယားရှိ တရားမဝင် မြန်မာလုပ်သားတွေ နေရပ်ပြန်လိုရင် ဖေဖော်ဝါရီလကုန်အထိ ဒဏ်မရိုက်ဘဲ ပြန်ခွင့်ပေးမယ်”

ဇန်နဝါရီလ ၇

ကိုရီးယားသမ္မတနိုင်ငံရှိ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်အထိ ကာလသက်တမ်း ထပ်မံတိုးမြှင့် ပြန်ခွင့်ပေးသွားမယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးကကြေညာပါတယ်။
အဲဒီကာလအတွင်း မိမိဆန္ဒအလျောက်နေရပ်ပြန်မယ့်သူတွေဟာ ဒဏ်ကြေးကင်းလွတ်ခွင့်ရရှိမှာဖြစ်သလို ကိုရီးယားနိုင်ငံကို ပြန်လည်ဝင်ရောက်နိုင်မယ့် ပြည်ဝင်ခွင့်ကန့်သတ်ချက်တွေကနေလည်း ကင်းလွတ်ခွင့်ရရှိမယ်လို့ ဆိုပါတယ်။
အဆိုပါအစီအစဉ်နဲ့ နေရပ်ပြန်လိုသူတွေဟာ နိုင်ငံကူးလက်မှတ်၊ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုကြောင်း စာရွက်အထောက်အထားနဲ့ လေယာဉ်လက်မှတ်တို့ကို တင်ပြပြီး ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနသို့ လျှောက်ထားနိုင်မယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အသေးစိတ်အချက်အလက်တွေနဲ့ပတ်သက်ပြီး သိရှိလိုပါက ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေး ဌာနရဲ့ ၁၃၄၅ နဲ့ HiKorea (http://www.hikorea.go.kr)တို့ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ မြန်မာသံရုံးက အသိပေး ထားပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews