သီယာဂိုဆေးလ်ဗားကို ခေါ်ယူဖို့ အသင့်ရှိနေတဲ့ ဖလူမင်နန်ဆီအသင်း

ဇန်နဝါရီ ၆

ဘရာဇီးလ်ကလပ် ဖလူမင်နန်ဆီအသင်းဟာ လာမယ့်နွေရာသီမှာ ချဲလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ၀ါရင့်ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗား ကို ခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်း ဟာ သီယာဂိုဆေးလ်ဗား ကို သက်တမ်းတိုးတော့မှာမဟုတ်ဘဲ ထွက်ခွာခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် အသင်းဟောင်း ဖလူမင်နန်ဆီအသင်းက သီယာဂိုဆေးလ်ဗား ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ သီယာဂိုဆေးလ်ဗား ကိုယ်တိုင်ကလည်း ကစားသမားဘဝကို ဘရာဇီးလ်မှာ အဆုံးသတ်ရန် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

#PAN