လီဗာပူးလ်အသင်းနှင့် ဆာလာ သက်တမ်းတိုးရန် နီးစပ်လာ

ဇန်နဝါရီ ၆

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ ဟာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်လာပြီဖြစ်တယ်လို သိရပါတယ်။ ဆာလာ ဟာ နွေရာသီမှာ အသင်းနှင့်လမ်းခွဲပြီး ဆော်ဒီလိဂ်သို ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ ပေမယ့် ယခုအခါ လီဗာပူးလ်အသင်းနှင့်သက်တမ်းတိုးရန် နီးစပ်လာခြင်းဖြစ်ပါတယ်။

ဆာလာ ဟာ ၂၀၂၅ ခုနှစ်မှာ လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဆော်ဒီကလပ် အယ်လ်အစ်တီ ဟတ်အသင်းက ခေါ်ယူဖို ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဆာလာ က လီဗာပူးလ်အသင်းနှင့် သက်တမ်းတိုးစာ ချုပ်ချုပ်ဆိုရန် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

PAN