မင်္ဂလာဒုံမြို့နယ်မှ မူးယစ်ဆေးဝါးရောင်းချသည့်နေအိမ်အား ဝင်ရောက်ဖမ်းဆီး

ဇန်နဝါရီ ၆

မဂ်လာဒုံမြို့နယ် သဃ်န်းကျွန်းကြီးကျေးရွာအုပ်စု သစ်ဆိမ့်ကုန်းကျေးရွာ ရွှေနံသာလမ်းရှိ ကျော်မိုးအောင်+သူဇာအောင်တို့ လင်မယားနှစ်ဦးသည် နေအိမ်တွင် မူးယစ်ဆေးဝါးများရောင်းချနေကြောင်းသတင်းအရ သက်ဆိုင်ရာမှ ယနေ့ ဇန်နဝါရီလ ၆ ရက် ည ၇:၃၀ နာရီအချိန်ခန့်က ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးရောင်းချနေသည့် သတင်းအရ ကျော်မိုးအောင်+သူဇာအောင်တို့၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ နေအိမ် အရောက်တွင် တရားခံ ကျော်မိုးအောင်သည် နေအိမ်နောက်ဖေးပေါက်မှ ခုန်ချထွက်ပြေးသွားခဲ့ပြီး နေအိမ်အတွင်း ဆက် လက်ဝင်ရောက်ရှာဖွေရာ တရားခံသူဇာအောင်နှင့်အတူ WY မူးယစ်ဆေးဝါးအပြား ၆၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ သူဇာအောင်(ဘ)​ ဦးသန်းလွင်(၃၁)နှစ်အား စိတ်ကို​ပြောင်းလဲစေသော မူးယစ်ဆေးဝါး ဥပဒေနှင့် အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PAN