“ဗီယက်နမ်ရောက် မြန်မာနိုင်ငံသားတွေကို ဒီနေ့ကစတင်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံသွားမယ်”

ဇန်နဝါရီလ ၆

ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ဇန်နဝါရီ ၅ ရက်က စတင်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေအရ ပြည်ပမှာနေထိုင် အလုပ်လုပ် ကိုင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားငွေဖြင့် ရရှိတဲ့လစာဝင်ငွေအပေါ် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် မှစ၍ ဝင်ငွေခွန်ထမ်းဆောင်ရမယ်လို့အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ဒီနေ့ ဇန်နဝါရီလ ၅ ရက်မှ စတင်ကောက်ခံမယ်လို့ မြန်မာသံရုံးက ကြေညာထားတာပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews