ပေါင်းတည်မြို့တွင် တပ်မတော်မှ နေအိမ်အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ညောင်လေးပင်မြို့၊ ရေဖြူကန် ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာ များတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

ဇန်နဝါရီ ၆

      ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက် ကျေးရွာရှိ နေအိမ်များကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သည့် အတွက် နေအိမ် ၂၀ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ ရှိရသည်။

     အဆိုပါသတင်းနှင့်ပတ်သက်၍ ပေါင်းတည်မြို့၊ သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက် ကျေးရွာအနီးဝန်းကျင် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်မှု မရှိခဲ့ကြောင်းနှင့် PDF အမည်ခံအကြမ်းဖက် သမားများမှ ကျေးရွာရှိ နေအိမ်များအား မီးရှို့ ထွက်ပြေးသွားခဲ့ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ နယ်မြေမှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

      အလားတူ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ရေဖြူကန်ကျေးရွာသို့ တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် နာရေးပြုလုပ်နေသည့် နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံပြည်သူ ၈ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ ဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

    အဆိုပါသတင်းနှင့်ပတ်သက်၍ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က လက်နက်ကိုင် သောင်းကျန်းသူ များနှင့် PDF အမည်ခံ အကြမ်းဖက်သမားပူးပေါင်းအဖွဲ့များမှ ရေဖြူကန်ကျေးရွာအတွင်း Drone များအသုံးပြု၍ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ အပြစ်မဲ့ ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေမှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

     လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာနေပြည်သူ များအား အကြမ်းဖက် သတ်ဖြတ်ခြင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား အကြောက်တရားဖြင့် ခြိမ်းခြောက်ငွေတောင်းခံခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှား စေရန်အတွက် တရားမဝင် ပြည်ဖျက် မီဒီယာများမှတဆင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

PAN