“ဆီးချိုရောဂါရှိတဲ့ သူတွေအတွက် ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတွေ”

 ဇန်နဝါရီ ၆

ဆီးချိုရောဂါရှိတဲ့ သူတွေဟာ ကိုယ်ခံအားအတွက် အထောက်အကူပြုနိုင်တဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။
   Vitamin A ကြွယ်ဝတဲ့ မုန်လာဥနီကို စားခြင်းက အမြင်အာရုံ ကောင်းစေတာသာမက ကိုယ်ခံအားကိုလည်း တိုးစေပြီး သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတဲ့ အစားအစာ ဖြစ်ပါတယ်။ ဆီးချိုသမားတွေက အမြင်အရုံကိုလည်း ထိခိုက်နိုင်တာကြောင့် မုန်လာဥနီစားပေးတာ ကောင်းပါတယ်။
   ပင်လယ်ငါးတွေဖြစ်တဲ့ ဆော်လမွန်၊ ဆာဒင်း၊ ငါးသလောက်နဲ့ မက်ကရယ် ငါးတွေဟာ Omega-3 fatty acid ပါဝင်တဲ့အတွက် ကိုယ်ခအားကောင်းစေပါတယ်။ နှလုံးကျန်းမာပြီး သွေးအားလည်း ကောင်းစေပါတယ်။
   နောက်ပြီးတော့ ကုလားပဲမှာ micronutrients တွေဖြစ်တဲ့ vitamins A, D, နဲ့ E, တို့အပြင် zinc, iron, နဲ့ selenium တွေပါဝင်တာကြောင့် ကိုယ်ခံအားကောင်းဖို့ အထောက်အကူပြုပါတယ်။ လေ့လာချက်တွေအရ ကုလားပဲမှာပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် သွေးတွင်းသကြားဓာတ်လျော့စေတယ်လို့ ဆိုပါတယ်။
   ဒါ့အပြင် ငရုတ်ပွဟာ ဗီတာမင်စီဓာတ်တွေ ပါဝင် မှုများတာကြောင်း ကိုယ်ခံအားကောင်းစေတဲ့ အစားအစာ တစ်မျိုးပါပဲ။ ဗီတာမင်စီက သွေးဖိအားနဲ့ပတ်သက်မှုရှိပြီး carbohydrates နည်းပါးစွာပါဝင်တာကြောင့် ဆီးချိုသမား အတွက် ကောင်းမွန်စေပါတယ်။
   ပဲနီလေးမှာလည်း ဇင့်ဓာတ်ကြွယ်ဝသလို အမျှင်ဓာတ်ပါဝင်မှုကြောင့် သွေးတွင်းသကြားဓာတ်အတွက် ကောင်းမွန် စေတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။
   နောက်ပြီးတော့ သစ်ကြားသီးကဲ့သို့ အစေ့အဆံတွေမှာ ဗီတာမင်အီးပါဝင်တာကြောင့် ကိုယ်ခံအားကို အထူးကောင်းမွန်စေပြီး omega-3 fatty acids လည်းကြွယ်ဝပါတယ်။ အဲဒီ့အတွက် ကိုယ်ခံအားကောင်းသလို ‌ရောင်ရမ်းခြင်းတွေကိုလည်းလျော့ကျစေပါတယ်။ Carbohydrates နည်းပါးစွာပါဝင်မှုကြောင့် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။
#PAN

Telegram link

https://t.me/positiveanglenews