စပါးအသင်းနဲ့ပွဲပြီးအထိ ကစားခွင့်ရရှိခဲ့တဲ့ ကင်မရွန်း လက်ရွေးစင်အသင်းဂိုးသမား အိုနာနာ

ဇန်နဝါရီ ၆

ကင်မရွန်းလက်ရွေးစင်အသင်းဟာ ဂိုးသမားဖြစ်သူ အိုနာနာ ကို မန်ယူ-စပါးပွဲပြီးတဲ့အထိ ကစားခွင့်ပြုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ကင်မရွန်းအသင်းဟာ ဇန်နဝါရီလ ၁၅ ရက်မှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ဂီနီအသင်း နှင့် ကစားရမှာဖြစ်ပေမယ့် တစ်ရက်အလို ဇန်နဝါရီလ ၁၄ ရက်မှာကစားမည့် မန်ယူ-စပါးပွဲစဉ်မှာ အိုနာနာ ကို ပါဝင်ကစားခွင့်ပြုဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အိုနာနာ ဟာ ဇန်နဝါရီလ ၈ ရက်မှာ ဝီဂန်အသင်းနှင့် ကစားမည့် FA ဖလားတတိယအဆင့်ပွဲ၊ စပါးအသင်းနှင့် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တို့ကို ပါဝင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။

#PAN