စစ်မက်ဖြစ်ပွားလျှင် အမေရိကန်နှင့် တောင်ကိုရီးယားကို ဖျက်ဆီးချေမှုန်းရန် ကင်ဂျုံအွန်က စစ်ဘက်ကိုညွှန်ကြား

ဇန်နဝါရီ ၆

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ အနေဖြင့် ကိုရီးယားကျွန်းဆွယ်တွင် ထိပ်တိုက်တွေ့ဆုံရေးနှင့် ရန်စရေးကိုသာ ရွေးချယ်မှုကြောင့် စစ်မက်ဖြစ်ပွား လာပါက မြောက်ကိုရီးယား စစ်ဘက်အနေဖြင့် ထိုနှစ်နိုင်ငံကိုတုံ့ဆိုင်းခြင်း မရှိ ဖျက်ဆီးချေမှုန်းရန် ကင်ဂျုံအွန်က ညွှန်ကြားလိုက်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံ၏ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကို ကာကွယ်ရန် နိုင်ငံတော် ကာကွယ်ရေး စွမ်းရည်တိုးတက်မှုကို ယခုထက်ပို၍သာလွန်စေရန် လိုအပ်ကြောင်းလည်း ကင်ဂျုံအွန်ကအလေးပေးပြောသည်။

အမေရိကန်နိုင်ငံ၏ မြောက်ကိုရီးယားအပေါ် အမြဲတမ်းရန်လိုသော အပြုအမူများက အမှန်တကယ် စစ်ရေးအရ အရေးယူသည့် အခြေအနေဆီသို့ ဆိုက်ရောက်စေခြင်းဖြစ်ကြောင်း ကင်ဂျုံအွန်က ပြောထားသည်။

အလားတူ တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနှင့် အင်အားညီမျှအောင် လုပ်နေခြင်းသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရန် ကြိုးပမ်းမှုဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ဒုတိယမြောက် ကိုရီးယား စစ်ပွဲကိုဖြစ်ပွားစေမည်ဖြစ်ကြောင်း ကင်ဂျုံအွန်က ပြောသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားသည်။

စစ်ပွဲဟူသောစကားလုံးသည် အယူအဆ သက်သက်သာမဟုတ်ဘဲ လက်တွေ့ဖြစ်ပေါ်လာစေရန် နီးကပ်လာပြီဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ်သည် စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုကို ပိုမိုခိုင်မာအားကောင်းစေမည် ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယား

အနေဖြင့် အင်အားကြီးမားသော တပ်မတော်တစ်ရပ်ကို တည်ဆောက်ရာတွင် ကြီးစွာသောတိုးတက်မှုများ ရရှိမည်ဖြစ်ကြောင်း ကင်ဂျုံအွန်က ပြောထားသည်ဟုသိရသည်။

#PAN

Telegram link

https://t.me/positiveanglenews