BOMA LAY Tik Tok Account တွင် GZ တို့ တိုက်ပွဲခေါ်သံ သီချင်းရိုက်ကူးလျှင့်တင်ခဲ့သည့်အငြိမ့်မင်းသမီးဆိုသူ ထိန်းသိမ်းခံရ

ဇန်နဝါရီ ၅

BOMA LAY Tik Tok Account တွင် GZ တို့တိုက်ပွဲခေါ်သံသီချင်းရိုက်ကူးလွှင့်တင်ခဲ့သည့် ကျောက်ပန်းတောင်းမြို ကွက်သစ်ရပ်ကွက်နေသူ အငြိမ့်မင်းသမီး တစ်ဦးအား ထိန်းသိမ်းလိုက်ပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကွက်သစ်ရပ်ကွက် ကျောက်ပန်းတောင်းမြိုနေသူ မိုမိုအောင် ခေါ် ဘိုမ (၂၆) နှစ် အငြိမ့်မင်းသမီးအား ကျောက်ပန်းတောင်မြို့ တာဝန်ရှိသူများမှ ဇန်နသာရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ထိန်းသိမ်းခဲ့ကာ စစ်ဆေးနေကြောင်းလည်း သိရသည်။

တာဝန်ရှိသူများမှ စစ်ဆေးခဲ့ရာ မိုမိုအောင်(ခ)ဘိုမ သည် ၎င်းအသုံးပြုသည့် BOMA LAY Tik Tok Account တွင် GZ တို့တိုက်ပွဲခေါ်သံသီချင်းရိုက်ကူး၍လွှင့်တင်ခဲ့ကြောင်းစစ်ဆေးတွေ့ရှိရသည့်အတွက် ၎င်းအား (ပ)၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN