ကုန်စျေးနှုန်းသတင်း

ဇန်နဝါရီ ၅

ဇန်နဝါရီလ ၅ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေ ရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ ပဲစဉ်းငုံနီဈေး ဆက်တိုက် မြင့်တက်လာပေမယ့် မတ်ပဲနဲ့ အခြားပဲအများစု ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဈေးတွေ ဈေးငြိမ်နေသလို အာလူးနဲ့ မန်ကျည်းသီးဈေးတွေလည်း ဈေးငြိမ်နေပါတယ်။

မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၆,၂၆၈ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၇,၀၃၆ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၄,၉၁၅ ကျပ်ကနေ ၄,၉၅၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၀၈,၀၈၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၁၈၀ ကျပ်ကနေ ၁,၂၀၀ ကျပ်၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၄,၉၂၀ ကျပ်၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၅,၀၈၅ ကျပ်၊ ပဲပုပ် မြစ်ဝကျွန်းပေါ် (ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၂၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၂,၈၀၀ ကျပ်က နေ ၃,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၃,၇၂၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၅၀၀ ကျပ်ကနေ ၉,၈၀၀ ကျပ်၊ ငရုတ် (ဆင်ဖြူကျွန်း) တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ကနေ ၂၁,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၆၀၀ ကျပ်ကနေ ၂,၈၀၀ ကျပ်၊ ပုဇွန်ခြောက် (ဖျာပုံရွှေပုဇွန်) တစ်ပိဿာကို ၂၅,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆.၃၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၈၆.၉၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပ ပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၄၅၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၆၁၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက် အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၅၃၅ ကျပ်၊ မန္တလေးမှာ ၂,၅၈၀ ကျပ်၊ နေပြည်တော်မှာ ၂,၅၇၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၆၃၅ ကျပ်၊ မန္တလေးမှာ ၂,၆၈၅ ကျပ်၊ နေပြည်တော်မှာ၂,၆၈၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၃၂၀ ကျပ်၊ မန္တလေးမှာ ၂,၃၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၃၆၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၀၅ ကျပ်၊ မန္တလေးမှာ ၂,၄၅၀ ကျပ်၊ နေပြည်တော်မှာ၂,၄၅၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၆၅၃,၇၀၀ိ/-) သုံးဆယ် ခြောက်သိန်း ငါးသောင်း သုံးထောင် ခုနစ်ရာ ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ (၃,၇၁၀,၀၀၀ိ/-) သုံးဆယ် ခုနစ်သိန်း တစ်သောင်း ကျပ် ရှိနေတယ်လို့ သိရပါတယ်။
#PAN