ဘေရွတ်မြို့တွင် လက်ထောက်ခေါင်းဆောင်သေဆုံးပြီးနောက် ဟားမက်စ်က အစ္စရေးနှင့် ဆွေးနွေးမှုများ ရပ်ဆိုင်းကြောင်း ကြေညာ

ဇန်နဝါရီ ၄

     လက်ဘနွန်နိုင်ငံတွင် ဇန်နဝါရီလ ၂ ရက် ညနေပိုင်း ၌ အစ္စရေးတိုက်ခိုက်မှုအတွင်း ဟားမက်စ်အဖွဲ့ ဒုတိယ ခေါင်းဆောင် ဆာလာ အယ်လ်အရိုရီ (Saleh al-Arouri) သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းလိုက်သည်ဟု ဟားမက်စ်က ကြေညာခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။

      ကာတာနှင့်အီဂျစ်နိုင်ငံတို့က အစ္စရေးနှင့် ဟားမက်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး ကြားဝင် စေ့စပ် ပေးနေကြခြင်းဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေကို ရပ် ဆိုင်းလိုက်ကြောင်းကို ကာတာနဲ့ အီဂျစ်မှာ ရှိတဲ့ ညီအစ်ကို တွေကို အသိပေးလိုက်ပါတယ်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောသည်။ ဟားမက်စ်အနေဖြင့်လည်း အစ္စရေးနှင့် စစ်မက်ဖြစ်ပွားမှုအတွင်း ဂါဇာကမ်းမြောင် ဒေသ၌ အပစ်အခတ် ရပ်စဲနိုင်မည့် မည်သည့် ဆွေးနွေးမှု မျိုးကိုမဆို ပယ်ချကြောင်း၊ ပါလက်စတိုင်း ခေါင်းဆောင်များအား အစ္စရေး၏ ရန်စလုပ်ကြံမှုအစီအစဉ်များ အရှိန်မြင့်လာခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဖြည့်စွက်ပြောခဲ့သည်။

      ဟားမက်စ် ပေါ်လစ်ဗျူရို ဒုတိယအကြီးအကဲ အယ်လ်အရိုရီ၏ လက်ထောက်များစွာသည်လည်း လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်တောင်ပိုင်း၊ ဆင်ခြေဖုန်းရှိ ဟားမက်စ်ရုံးခန်းကို ပစ်မှတ်ထားသည့် အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း ဟားမက်စ်သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ဟားမက်စ်က အစ္စရေးတိုက်ခိုက်မှုအတွင်း ဟားမက်စ်အဖွဲ့ဝင် ၇ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ထိုအပြုအမူမှာ “ရက် စက် ကြမ်းကြုတ် သော” အကြမ်းဖက်လုပ်ရပ်များ၊ လက်ဘနွန်၏ အချုပ်အခြာအာဏာကို ထိ ပါးခြင်းနှင့် ပါလက်စတိုင်း နှင့် လက်ဘနွန် ပြည်သူများအား အစ္စရေး၏ကျူးကျော်ရန်စမှုချဲ့ထွင်မှုလည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပြစ်တင် ဝေဖန်ထားသည်။

     ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အစ္စရေးဘက်က ချက် ချင်းမှတ်ချက်ပြုပြောထားခြင်းမရှိသေးသော်လည်း အစ္စရေးနိုင်ငံအနေဖြင့် ဟားမက်စ် သို့မဟုတ် အီရန်ကျောထောက်နောက်ခံပြုထားသော ၎င်းတို့၏ မဟာ မိတ် ဟစ်ဇ်ဘိုလာတို့က အစ္စရေးမြို့များအပေါ် လက် နက်ပစ်ခတ်မှုများကို အရေးတကြီး လက်တုံ့ပြန်ရေးအတွက် သတိ ပေးချက်မြှင့်တင်ထားသည်ဟူသော အဆင့်မြင့်အရာရှိများ၏ ပြောကြားချက်အား ကိုးကား၍ အစ္စရေး မီဒီယာ များက သတင်းဖော်ပြထား သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN