သားအဖနှစ်ဦးကို PDF များက သတ်ဖြတ်ပြီး အိမ်ရှိပစ္စည်းများ ယူဆောင်

ဇန်နဝါရီ ၃
ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ၊ တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာနေ ဦးကျော်မင်း ၅၈နှစ်နှင့်၎င်း၏သားဖြစ်သူ ကိုစိုးသူ ၃၇နှစ်တို့ နေအိမ်၌ ရှိနေစဉ် လူသတ်အကြမ်းဖက် PDF ၁၀ ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီး ၎င်းတို့ပိုင်ပစ္စည်းများကို လုယက်သွားကြောင်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးကျော်မင်းအား ဦးခေါင်းဝဲဘက် ပွင့်ထွက်ဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း၊ ကိုစိုးသူအား ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် ၊ ကျောမှကျည်ဖောက်ဝင်ပြီး ရင်ဘတ်ဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ဖြင့်လည်းကောင်း နေအိမ်အတွင်းသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

ဆက်လက်၍ စစ်ဆေးရာ ၎င်းတို့ပိုင်ဆိုင်သည့် ဆိုင်ကယ်ခြောက်စီး ၊ ဖုန်းမျိုးစုံ ၁၅ လုံး ၊ ရွှေဆွဲကြိုး ၇ ကုံး ၊ ရွှေလက်စွပ် ၃ ကွင်း၊ ငွေကျပ်သိန်း ၅၀ ခန့် (စုစုပေါင်းခန့်မှန်း တန်ဖိုး ၅၇,၉၀၀,၀၀၀ ကျပ်ခန့်)တို့ကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး အေးအေးချမ်းချမ်းနေထိုင်သူများဖြစ်ကြောင်းသိရှိရပါသည်။

အကြမ်းဖက် PDFအဖွဲ့များသည် လက်နက်မဲ့အရပ်သားပြည်သူ ငွေကြေးချမ်းသာသူများ၏ စည်းစိမ်ဥစ္စာများကို အုပ်စုဖွဲ့ ၍ လူယူ သတ်ဖြတ်ကာ ခေါင်းစဉ်အမျိုးမျိုးတပ်၍ ကျူးလွန်နေကြကြောင်း ဒေသခံများ၏ ပြောဆိုသံများလည်း နေရာအနှံ့အသီးသီးက ကြားသိနေရ၍ စီးပွားရေးပြေလည်သူများသည် PDF အဖွဲ့များရှိသောနေရာသို့ နေထိုင်ခြင်းမရှိမရှိတော့ပဲ လုံခြုံစိတ်ချရသော နေရာဒေသသို့ ပြောင်းရွေ့ရပ်တည်နေကြကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews