ဘီးလင်းမြို့နယ် ၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးကွက်သစ်ပိုင်း ဖဲကစားနေကြရင်း ဖဲရွက်များကို လုယူလွှင့်ပစ်ရာမှ လူသတ်မှုဖြစ်ပွား

ဇန်နဝါရီလ ၃

ယမန်နေ့ ညနေ‌ ၄ နာရီ ၃၀ မိနစ်အချိန်တွင် မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးကွက်သစ်ပိုင်းတွင် ဖဲဆော့ကစားရာမှ ဓားရှည်ဖြင့်ခုတ်သတ်မှုဖြစ်ပွားကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးမြောက်ပိုင်း ၊ဗေဒါလမ်းရှိကြွက်ဆင်၏ နေအိမ်တွင် ဖဲရိုက်ကစားနေသော အောင်ဆန်းဦး(ခ)အောင်ကို(၂၄) နှစ်၊ (ဘ) ဦးဇော်ဝင်းခိုင်၊ မပတ-(မရှိ)၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်၊ ရွာကြီးမြောက်ပိုင်း ၊ ဇုတ်သုတ်ကျေးရွာ၊ ဘီးလင်းမြို့နယ်နေသူ ဆော့ကစားနေသည့် ဖဲရွက်များအား ချစ်ဝင်း(၄၀)နှစ်(ဘ) ဦးဌေးဝင်း၊ မပတ-ရှိ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်သူမှ ဆွဲယူလွှင့်ပစ်ခဲ့သည့်အတွက် ချစ်ဝင်းနှင့်အောင်ဆန်းဦး(ခ)အောင်ကို တို့စကားများပြီးလမ်းပေါ်တွင်ထွက်၍ ထိုးကြိတ်နေကြသဖြင့် ချစ်ဝင်း၏မိခင်ဖြစ်သူ ဒေါ်သက်ဦး နှင့် အောင်ဆန်းဦး(ခ)အောင်ကို
၏မိခင်ဖြစ်သူ ဒေါ်ဖြူဝင်းတို့မှ ဝိုင်းဝန်းဖြန်ဖြေစဉ် ချစ်ဝင်းမှာအရက်မူးလွန်ပြီး
လမ်းပေါ်တွင် လဲကျသွားရာ အောင်ဆန်းဦး မှ ဦးကြွက်ဆင်၏နေအိမ်အရှေ့ဘက်၊ နှစ်လမ်းကျော်(၁-ဖာလုံခန့်)ရှိ ၎င်း၏နေအိမ်ရှိ သံပိုက်ရိုးတွင် အနက်ရောင်နိုင်လွန်ကြိုးရစ်ပတ်ထားသောအရိုး ၇ လက်မခန့်၊ အသွား ၂ ပေခန့်ရှိ ဓါးရှည်းအားယူဆောင်ကာ လဲနေသည့် ချစ်ဝင်း
နေရာသို့လာရောက်လာပြီး ဓါးရှည်ဖြင့်ခုတ်ရာ ချစ်ဝင်းတွင် ဝဲဘက်နဖူးပြတ်ရှဒဏ်ရာ ၃ ချက် ၊ ဝဲဘက်ပါးပြတ်ရှဒဏ်ရာ ၁ ချက်၊ မေးစေ့ပြတ်ရှဒဏ်ရာ ၁ ချက် ၊ ယာပါးပြတ်ရှဒဏ်ရာ ၂ ချက်
ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်ကို သေဆုံးသူချစ်ဝင်း၏မိခင် ဒေါ်သက်ဦး ၅၈ နှစ်(ဘ) ဦးကိုကြည် ၊ မပတ- ရှိ(မမှတ်မိ) ၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်၊ ရွာကြီးကွက်သစ်ပိုင်း ၊ ဇုတ်သုတ်ကျေးရွာ ၊ ဘီးလင်းမြို့နယ်နေသူမှ သားဖြစ်သူ ချစ်ဝင်းအားသေဆုံးသည်အထိ ဓါးကိုင်ခုတ်သတ်ခဲ့သူ အောင်ဆန်းဦး(ခ)အောင်ကို အားအရေးယူပေးရန်
ယင်းနေ့ ညနေ ၆ နာရီ ၅ မိနစ်အချိန်တွင်
သက်ဆိုင်ရာ ရဲစခန်းတို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ- ၃၀၂၊ အမှုကြီးအမှတ်စဉ်(၁/၂၀၂၄)
အရအမှုရေးဖွင့်ပြီး ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews